top of page

ရွေးကောက်ပွဲ ကျင်းပပြီးစီးပါက နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်မည်ဟု မင်းအောင်လှိုင်ပြော

  • Writer: Pajau Media
    Pajau Media
  • 4 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ree

လာမည့်ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပါက နိုင်ငံတော်တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၅ရက်နေ့ ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဥ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကတိပြု ပြောကြားလိုက်သည်။


စစ်ခေါင်ဆောင် မင်းအောင်လှိုင်သည် လာမည့် ရွေးကောက်ပွဲပြုလုပ်ကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ဒီမိုကရေစီ စံနှူန်းတွေနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည် ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။


စစ်ကောင်စီက ပြုလုပ်ကျင်းပမည့်ရွှေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက အမတ်လောင်း ၁၀၀၀ ကျော်ဖြင့် အများဆုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။


ဒီဇင်ဘာ၂၈ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည့် ရွေးကောက်ပွဲမှာ တရားမဝင်သည့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page