top of page

ရွေးကောက်ပွဲကျင်းပရန် တစ်လအလို ကချင်ပြည်နယ်တွင်း စစ်ရေးပိုမို ပြင်းထန်

  • Writer: Pajau Media
    Pajau Media
  • Nov 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊နိုဝင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ်၊ ဝိုင်းမော်-လမြန်၊ ဖားကန့်၊ ဗန်းမော်နှင့် ပူတာအို-ခေါင်လန်ဖူးဒေသများတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။


စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မြေပြင်တွင်လည်း စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။


စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု၊ မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်နေသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်နိုင်ကြောင်းနှင့် ပြည်သူများကို သတိထားသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များမှလည်း သတိပေးထားသည်။


စစ်ကော်မရှင်သည် ရွှေးကောက်ပွဲ ပြုလုပ်ကျင်းပရန် တစ်လအလိုတွင် ကချင်ပြည်နယ်တွင် သာမက နိုင်ငံတစ်ဝန်း စစ်ဆင်ရေး ပိုမိုတင်းကြပ်ထားပြီး၊ စစ်ကြောင်းထိုး လှုပ်ရှာမှုများ ပိုမို လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page