ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများကို ၁၄ရက်ကြာ ပထမအကြိမ် ထုတ်ပြန်
- Pajau Media

- Oct 1, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစားရင်းများကို ယမန်နေ့ စက်တင်ဘာ ၃၀ရက်နေ့မှစပြီး စတင်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
မဲစားရင်းများကို စက်တင်ဘာ ၃၀ရက်နေ့မှ အောက်တိုဘ ၁၃ရက်နေ့အထိ ၁၄ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားသည်။
မဲစာရင်းတွင် မပါဝင်ပါက ပုံစံ ( ၃ ) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်သလို မပါသင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ပြီး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ကို လာမည့် ဒီဇင်ဘာ၂၈ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယာယီနေရပ်စွန့်သူများလည်း ကြိုတင်မဲပေးရမည့်အပြင် ရွေးကောက်ပွဲကိုတော့ အပိုင်း(၃)ပိုင်းခွဲကာ ကျင်းပသွားမည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း




069276