ရွေးကောက်ပွဲတွေ အသုံးပြုမည့် မဲပေးစက်ကို မမှန်ကန်ကြောင်း ပြောဆိုလျှင် အရေးယူမည်ဟုဆို
- Pajau Media

- Oct 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကော်မရှင်၏ ရွှေးကောက်ပွဲအတွက် ထုတ်လုပ်ထားသော အီလက်ထရောနစ် မဲပေးစက်များက မမှန်မကန် မဲခိုးနိုင်သည်ဟုလည်းကောင်း မဲလိမ်လည်နိင်သည်ဟူသောစကားများ ပြောဆိုမှုများနှင့် လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေမှုများ ပေါ်ပေါက်လာလျှင် ချက်ချင်းအရေးယူဖမ်းဆီးမှုများ ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားကြောင်း သိရှိရသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အီလက်ထရောနစ် မဲပေးစက်များကို အသုံးပြုမည်ဖြစ်ပြီး မဲပေးစက် အနည်းဆုံး စက်ငါးသောင်းလုံးကို အသုံးပြုမည်ဖြစ်ကြောင်း၊သိရသည်။
ထိုအီလက်ထရောနစ် မဲပေးစက်များကို စစ်ကောင်စီမှ အဓိက တာဝန်ယူ ထုတ်လုပ်နေပြီး ထိုစက်များမှ မဲမသမာမှု လုပ်ရန် မဖြစ်နိုင်သောကြောင့် မဲခိုး မဲလိမ် မမှန်မကန် လုပ်ဆောင်သည်ဟူသောစကားများ ပြောဆိုမှုများနှင့် လူမှုကွန်ရက်တွင် ရေးသားမှုများကို ဖော်ထုတ်အရေးယူရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း မဲပေးစက်ကိုအသုံးပြုပြီး မဲပေးရာတွင်လည်း မိမိမဲပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်နှင့်သင်္ကေတအမှတ်အသားမဟုတ်ဘဲ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်နှင့် သင်္ကေတအမှတ်အသားကို မှားယွင်းဖော်ပြသည်ဟု မမှန်မကန်တိုင်ကြားလျှင် ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ငွေဒဏ် ၃ သိန်း (သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားသည်။
စစ်ကော်မရှင် လာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွှေကောက်ပွဲတွင် မဲပေးစက်များကိုသာ အသုံးပြုရန်နှင့် ထိုမဲပေးစက်များမှာ တိကျမှန်ကန်ပြီး အလိမ်အညာမရှိကြောင်းကို ပြောဆိုထားသည်။
သတင်း - ဖရိန်း




Comments