top of page

ရွှေးကောက်ပွဲနှင့် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဖားကန့်သပိတ် အင်အားစုများ ဆန္ဒထုတ်ဖော်

  • Writer: Pajau Media
    Pajau Media
  • Dec 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ ဒီဇင်ဘာ၊၂၀၂၅။


စစ်တပ်က​ ပြုလုပ်ကျင်းပသွားမည့် ရွှေးကောက်ပွဲနှင့် ပြန်လည်အကောင်အထည်ဖော်နေသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းတို့အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဖားကန့်သပိတ် အင်အားစုများက ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဆန္ဒထုတ်‌‌ဖော်လှုပ်ရှားခဲ့သည်။


ဖားကန့်မှော်လှည့် သပိတ်နှင့် ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းပြီး စစ်တပ်ပြုလုပ်သွားမည့် ရွှေးကောက်ပွဲတွင် ပြည်သူများ မဲမပေးကြရန်နှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရန်အတွက် လှုပ်ရှားခဲ့ကြသည်။


လူထုဆန့်ကျင်မှုကြောင့် ၁၄နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံစီမံကိန်းကို စစ်ကောင်စီက လာမည့် ၂၀၂၆ ခုနှစ်တွင် တရုတ်ကုမ္မဏီနှင့် ပူးပေါင်းကာ ပြန်လည်အကောင်ထည်ဖော်ရန် ကြိုးပမ်းနေသည်။


ထို့အပြင် စစ်တပ်က ဧရာဝတီမြစ်ဆုံစီမံကိန်းကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်လာလျှင် ကန့်ကွက်သူများကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page