top of page

ရွေးကောက်ပွဲနီးလာချိန် ပူတာအိုမြို့နယ်တွင်း စစ်တပ်က စစ်အင်အားတိုးချဲ့လာဟု ဒေသခံများပြော

  • Writer: Pajau Media
    Pajau Media
  • Dec 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဒီဇင်ဘာ၊၂၀၂၅။


စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲရက် နီးကပ်လာသည့်နှင့်အမျှ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်နှင့် ခေါင်လန်ဖူးဒေသများတွင် စစ်ကောင်စီက စစ်အင်အားပိုမို တိုးချဲ့ကာ ထိုးစစ်ဆင်နေပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။


ပူတာအို-မြစ်ကြီးနားလမ်းပိုင်းဖြင့်သည့် တန်ဂျာကျေးရွာ၏ အရှေ့ဘက်နှင့် မလိခမြစ်တစ်လျှောက် နေရာများတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။


တန်ဂျာကျေးရွာ၏ အရှေ့ဘက်ရှိ အင်ခေါ်ခတကြော စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ပြုလုပ်ကြရာ မကြာခဏထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်းပစ်ကူခြင်းနှင့် တိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


လုံရှာယာန်ကျေးရွာအုပ်စု၊ တန်ဂျာကျေးရွာဘက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများရှိနေပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏဝင်ရောက်တိုက်ခိုက်မှုများလည်း ရှိနေသောကြောင့် စစ်ကောင်စီနှင့် ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့မှ ၎င်းတို့၏ ရွေးကောက်ပွဲအား ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ထိုးစစ်များနှင့်အတူ လေကြောင်းတိုက်ခိုက်မှုအား တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page