ရွေးကောက်ပွဲအတွက် မဲပေးခြင်း၊မပေးခြင်းဟာ ပြည်သူတွေရဲ့ ဆန္ဒသာဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော
- Pajau Media

- 7 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊နိုဝင်ဘာလ၊၂၀၂၅။

လာမည့်ဒီဇင်ဘာလမှာ စစ်တပ်ကကျင်းပမဲ့ ရွေးကောက်ပွဲမှာ မဲပေးခြင်း၊ မပေးခြင်းဟာ ဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒသာ ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က နိုင်ဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ် ဖွင့်ပွဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
နိုင်ငံတော် အနေနဲ့ ဆန္ဒမဲပေးခွင့်ကို အားလုံးအတွက် ဆောင်ရွက်ထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းဟာ မဲဆန္ဒရှင်များရဲ့ ဆန္ဒသာဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အဲ့လိုပြောထားရင်လည်း အတင်းအကျပ်လုပ်ခိုင်း၊ ခြိမ်းခြောက်တာတွေ၊ မဲမပေးရင် ဖမ်းတာတွေလုပ်လိမ့်မယ်ထင်တယ်၊ ပြောလို့မရဘူးလေ သူတို့က ပြောတဲ့ အတိုင်းမှ မလုပ်တာ” လို့ ပြည်သူတစ်ဦးက သူရဲ့ အမြင်ကိုပြောပြထားပါတယ်။
စစ်တပ်က ကျင်းပပေးမဲ့ ရွေးကောက်ပွဲ ပထမ အကြိမ်ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်မှာ စတင်ပြုလုပ်မှာဖြစ်ပြီး ကချင်ပြည်နယ် မှာတော့ မြစ်ကြီးနားမြို့၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအို၊ မိုးညှင်း မြို့နယ်တွင် ပါဝင်ပါတယ်။
ရွေးကောက်ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တရားမဝင် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဆန့်ကျင်ထားပါတယ်။
သတင်း - ဇော်



Comments