top of page

ရွေးကောက်ပွဲအပိုင်း (၁)တွင် မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်၊ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်သည့်အတွက် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ခေါင်းဆောင်ကပြော

  • Writer: Pajau Media
    Pajau Media
  • Jan 1
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ ဇန်နဝါရီ၊ ၂၀၂၆


စစ်​ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁)တွင် မဲပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။


ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့ရာ မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်သည့်အတွက် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။


ရွေးကောက်ပွဲအပိုင်း(ရွေးကောက်ပွဲအပိုင်း၁) မြို့နယ် (၁၀၂) မြို့နယ်တွင် မဲ့ပေးခွင့်ရှိသူ( ၁၁ ဒသမ ၆ သန်းကျော်) ရှိသည့်အနက် ၆၀,၉၅၅,၁၁၆ သန်းကျော် မဲပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ဆက်လက်ကျင်းပရန်ရှိသည့် အပိုင်း(၂) အား ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့တွင် မြို့နယ် (၁၀၀) မြို့နယ်နှင့် အပိုင်း(၃) အား ၂၀၂၆ ဇန်နဝါရီ ၂၅ ရရက်‌‌နေ့တွင် မြို့နယ် ၆၃ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page