top of page

ရွေးကောက်ပွဲ အပိုင်း(၁)အပြီး မဲရလဒ်မှာ ကချင်ပြည်နယ်မှ ၆၈ ရာခိုင်နှုန်းရှိနေ

  • Writer: Pajau Media
    Pajau Media
  • Jan 15
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ဇန္နဝါရီ၊၂၀၂၆။


စစ်ကောင်စီကျင်းပသည့် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ကချင်ပြည်နယ် မြို့နယ် ၆ ခုအနက် ကျေးရွာ/ရပ်ကွက်ပေါင်း (၁၇၆)အုပ်စုထိ ကျင်းပနိုင်ခဲ့ရာ မဲထည့်ဝင်မှုမှာ ၆၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း Data for Myanmar ၏ အစီရင်ခံစာမှ သိရသည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်(၁၀၂) မြို့နယ်မှာ မဲပေးနိုင်သူ ၁၁.၆သန်းကျော်ရှိပြီး၊ မဲပေးခဲ့သူ ၆ သန်းကျော် ရှိခြင်းကြောင့် မဲပေးသူ ၅၂.၁၃ရာခိုင်နှုန်း ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။


ထို့အပြင် မြို့နယ်(၁၀၂)မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၅,၆၅၂)ခုရှိသည့်အနက် (၄,၂၁၅)ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။


အပိုင်း(၁)အပြီး မဲရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ (၁၀၂)နေရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာ (၂၁)နေရာ အနိုင်ရရှိခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ထဲတွင် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ အနိုင်ရပါတီ မရရှိသေးသလို အမျိုးသားလွှတ်တော်(FPTP)ထဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ အများစု အနိုင်ရရှိထားကြသည်။


ထို့အပြင် တိုင်းဒေသကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်နေရာတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာ(၁၀၈)နေရာ အနိုင်ရရှိထားသည်။


ကချင်ပြည်နယ်မှ နောင်မွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ကိုယ်စားလှယ်တစ်ဦးတည်းသာ ရှိသောကြောင့် ပြည်သူ့လွှတ်တော်အတွက် မဲပေးစရာ မလိုခဲ့ပါဘူး။


အပိုင်း(၁)အပြီး မဲရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ၃ ရပ်စလုံးတွေ အနိုင်ရကိုယ်စားလှဉ် (၂၃၁)ဦး ရရှိထားပြီး၊ တိုင်းရင်းသားပါတီများလည်း နေရာအချို့ အနိုင်ရရှိထားကြသည်။

အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့က မြို့နယ်(၁၀၂)မြို့နယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page