top of page

ရွေးကောက်ပွဲအပိုင်း ၂ တွင် ကြံ့ခိုင်ရေးပါတီက မြို့နယ် ၆၀ နီးပါးတွင် အနိုင်ရရှိဟုဆို

  • Writer: Pajau Media
    Pajau Media
  • Jan 12
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဇန္နဝါရီ၊၂၀၂၆။


စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင် မြို့နယ် ၁၀၀ အနက်မှ မြို့နယ် ၆၀ နီးပါးတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားပြီဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။


ဇန်နဝါရီ ၁၁ ရက်နေ့တွင် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ လတ်တလော သတင်းဖော်ပြချက်များအရ မြို့နယ် ၆၀ နီးပါးတွင် အနိုင်ရရှိထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း မဲရုံ ၂၉ ရုံ ဖွင့်လှစ်၍ ဇန္နဝါရီ နံနက် ၆ နာရီမှ စတင်ဖွင့်လှစ်ကာ သက်ဆိုင်ရာ မဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ စာမျက်နှာမှလည်း ဖော်ပြထားသည်။


စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ကချင်ပြည်နယ်တွင် မချမ်းဘော့မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အပြင် တစ်နိုင်ငံလုံး စုစုပေါင်းမြို့နယ်ပေါင်း ၁၀၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့ ပြုလုပ်မည်ဖြစ်ပြီး မြို့နယ် ၆၃ မြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကာ ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်စုစုပေါင်း ၆၅ မြို့နယ်ရှိကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page