ရွေးကောက်ပွဲအပိုင်း၂တွင် ကချင်ပြည်နယ်မှ ၃ မြို့နယ်ပါ၀င်
- Pajau Media 
- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကော်မရှင်က ရွှေးကောက်ပွဲအပိုင်း ၂ ကို (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁)ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း ၂ တွင် ကချင်ပြည်နယ်ထဲက မြို့နယ် ၃ မြို့နယ် ပါဝင်နေကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည့် ရွှေးကောက်ပွဲအပိုင်း ၂ တွင် ကချင်ပြည်နယ်ထဲက မိုးကောင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မချမ်းဘောမြို့နယ်တို့ ပါဝင်နေသည်။
လာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည့်ရွှေးကောက်ပွဲအပိုင်း ၁ တွင် မြို့နယ် ၁၀၂ မြို့နယ်ပါဝင်နေပြီး ကချင်ပြည်နယ်ထဲက မြို့နယ် ၆ မြို့နယ် ပါဝင်သည်။
ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့နယ်၊ တနိုင်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်မြို့နယ်၊ ပူတာအိုမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ ဖြစ်သည်။
စစ်ကော်မရှင်ပြုလုပ်သွားမည့် ရွှေးကောက်ပွဲကို အပိုင်း ၃ ကြိမ်ခွဲပြီးပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီးရွေးကောက်ပွဲ အပိုင်း ၁ တွင် မြို့နယ် ၁၀၂မြို့နယ်၊ အပိုင်း ၂ တွင် မြို့နယ် ၁၀၀ မြို့နယ်နှင့် အပိုင်း ၃ တွင် မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း



Comments