top of page

ရွေးကောက်ပွဲ ဥပဒေကို နှောင့်ယှက်ဟန့်တားမှုကြောင့် ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိဟု စကစထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jan 7
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက် ဇန်နဝါရီ ၂၀၂၆


မြန်မာနိုင်ငံတဝန်းတွင် စစ်ကော်မရှင် ‌ပြဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေကို နှောင့်ယှက်ဟန့်တားမှုကြောင့် ဖမ်းဆီးခံထားရသူ ၃၃၅ ဦးထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


ယမန်နေ့ ဇန်နဝါရီ ၆ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနှောင်က ပြောကြားခဲ့သည်။


ဇန်နဝါရီလ ၅ ရက်နေ့ထိ စာရင်းများအရ ဖမ်းဆီးခံရသူ ၃၃၅ ဦးထဲတွင် အမျိုးသား ၂၇၅ ဦးနှင့် အမျိုးသမီး ၆၀ ဦးတို့ဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး တည်ဆဲဥပဒေအရ ထောင်ဒဏ်အနှိမ့်ဆုံး ၃ နှစ်ကနေ အမြင့်ဆုံး သေဒဏ်ထိ ချမှတ်နိုင်ကြောင်း ပြဌာန်းခဲ့သည်။


လက်ရှိအချိန်တွင် ကျန်ရှိနေသေးသည့် ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့နှင့် ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page