ရွှေဈေးနှုန်း တစ်ကျပ်သား ၈၆သိန်းထိ တစ်ဖန်ပြန်မြင့်တက်လာ
- Pajau Media

- Oct 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

မြန်မာနိုင်ငံ ပြည်တွင်းရွှေစျေးမှာ ကမ္ဘာ့ရွှေစျေးနှင့်အပြိုင် တစ်ကျပ်သားကို ကျပ် ၈၆ သိန်းကျော်ရောက်ရှိလာပြီဖြစ်ကြောင်း ရွှေ၊ငွေ အရောင်းအဝယ်လုပ်ငန်းရှင်များက ပြောသည်။
အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းနေပြီး ငွေလဲစျေးနှုန်းများ ကျဆင်းနေသော်လည်း ကမ္ဘာ့ရွှေစျေးမှာ အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။
လက်ရှိတွင် ပြင်ပပေါက်စျေး ရွှေစျေးကွက်အရ ၁၆ ပဲရည် တစ်ကျပ်သားကို ရောင်းစျေး ကျပ် ၈,၆၂၀,၀၀၀ဲ နှင့် ဝယ်စျေး ကျပ် ၈,၅၅၀,၀၀၀ ရှိနေပြီး ၁၅ ပဲရည် တစ်ကျပ်သားကို ရောင်းစျေး ကျပ် ၈,၂၂၀,၀၀၀ နှင့် ဝယ်စျေး ကျပ် ၈,၁၇၀,၀၀၀ ရှိနေပါသည်။
မြန်မာနိုင်ငံပြည်တွင်း ရွှေစျေးကွက်အရ ဇွန်လနောက်ပိုင်းတွင် တစ်ကျပ်သားကို ၈၂သိန်းဖြင့် စံချိန်တင် အမြင့်ဆုံးစျေးဖြစ်ခဲ့သည်။
ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ ကမ္ဘာ့ရွှေစျေးကွက်မှာ တစ်အောင်စကို ၄၁၈၈ ဒေါ်လာရှိနေပြီး လွန်ခဲ့သည့် တစ်လဝန်းကျင်ကထက် တစ်အောင်စကို ဒေါ်လာ လေးရာကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
သတင်း - ဖရိန်း



Comments