top of page

ရှမ်းပြည်တွင် ရက်ပေါင်း ၂၀ အတွင်း အမျိုးသမိး(၁၈)ဦးနှင့် အမျိုးသား(၁၁)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Oct 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


နိုင်ငံရေးအကျဥ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက်အများအရ အောက်တိုဘာ ၁ရက်နေ့မှ ၂၁ရက်နေ့အထိ ရှမ်းပြည်နယ်တွင် စစ်ကောင်စီကြောင့် အမျိုးသမိး (၁၈)နှင့် အမျိုးသား (၁၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။


သေဆုံးသူများထဲတွင် အသက် ၂နှစ်အရွယ် ယောကျ်ားလေး တစ်ဦးအပါအဝင် ၁၈နှစ်အောက် ကလေး(၈)ဦး ပါဝင်နေပြီး၊ အဆိုပါသေဆုံးသူ အားလုံးမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်။ ထို့အပြင် အတည်ပြုရန် လိုအပ်သည့် နောက်ထပ်သေဆုံးသူ အရပ်သား (၁၃)ဦးလည်း ရှိနေသေးသည်ဟု ဆိုသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၁၈ရက်နေ့က ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ကျဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီး (၅)ဦးနှင့် အမျိုးသား တစ်ဦးတို့ ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ရသည်။


 စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေးလုပ်ရှားမှုများ လုပ်ဆောင်လာပြီး စစ်အုပ်စုက ဆန့်ကျင်သူများကို ဖိနိပ်ရန် လက်နက်အင်အားသုံး တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။


အလားတူ ကချင်ပြည်နယ်တွင်လည်း စက်တင်ဘာလဆန်းမှ ယနေ့အချိန်ထိ စစ်ကောင်စီက လေယာဉ်ပျံဝဲခြင်း၊ ဒရုန်းလွှတ်ပျံသန်းခြင်းနှင့် လက်နက်ကြီးပစ်ခတ်သံများမှာ နေ့စဉ်ကြားနေရဆဲဖြစ်ကာ၊ မြစ်ကြီးနားမှ ဝိုင်းမော်ဒေသဘက် လက်နက်ကြီးပစ်ခတ် တိုက်ကူမှုလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page