top of page

ရာသီဥတုအပြောင်းအလဲကြောင့် ဝိုင်းမော်မြို့နယ်ရှိစစ်ရှောင်များ အရေးပါ်အကူအညီလိုအပ်လျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Oct 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊အောက်တိုဘာ၊၂၀၂၄။



ree

ဝိုင်းမော်မြို့နယ်အတွင်းရှိ လဘန်ကထောင်စစ်ရှောင်စခန်းနှင့် မလိယာန်စစ်ရှောင်စခန်းတို့မှ စစ်ပြေးရှောင် တစ်ထောင်နီးပါးအတွက် အစားအစာ၊ စောင်နှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေသည်ဟု ဝိုင်းမော်မြို့နယ် စစ်ရှောင်များထံမှ သိရသည်။


စစ်ရှောင်များမှာ ရာသီဥတုအပြောင်းအလဲ နှင့်ဆောင်းရာသီဝင်လာသည့် အေးချမ်းမှုကြောင့် အနွေးထည်နှင့်စောင်အပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အာဟာရဖြစ်စေသည့်အစားအစာများ အရေးပေါ်လိုအပ်သည်ဟု ဆိုသည်။


လဘန်ကထောင်ကျေးရွာမှ စစ်ပြေးရှောင်များမှာ ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့တွင် KIA၏ ထိုးစစ်ဆင်တိုက်ပွဲကြောင့် ပိတ်မိနေခဲ့သည့် အောင်မြေ(၁)၊ အောင်မြေ(၂)နှင့် ရွှေညောင်ပင်‌ကျေးရွာမှ စစ်ရှောင်ပြည်သူ ၆၀၀ကျော်နှင့် ဧပြီလဆန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိမ်းရှောင်လာသည့် ဝူယန်ကျေးရွာမှ ပြည်သူ (၁၀၀)ကျော်တို့ဖြစ်ပြီး မလိယာန်ကျေးရွာရှိ ဂျာပူစစ်ပြေးရှောင် ၂၀၀နီးပါးတို့၏ စစ်ရှောင်စခန်းမှာ ဧရာဝတီမြစ်ကမ်းဘေးအနီးတွင် တည်ရှိပြီး မြစ်ကမ်းဘက်မှလာသည့် လေစိမ်းတိုက်ခိုက်မှုကြောင့်လည်း အစားအစာအပြင် စောင်နှင့်အနွေးထည်များ အရေးတကြီး လိုအပ်လာကြောင်း သိရသည်။


စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ရှောင်များ ပါလာသည့် ဆေးဝါးနှင့် စားနပ်ရိက္ခာများ ကုန်ခမ်းသွားသဖြင့် မိမိနေရပ်သို့ ပြန်နေချင်သော်လည်း လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုများ ရှိနေသေးသောကြောင့် နေရပ်ရင်းသို့ပြန်နေထိုင်ရန် အခက်အခဲရှိနေကြောင်း ထပ်မံသိရသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page