top of page

ရှအစ်ယန်စစ်ရှောင်စခန်းတွင် မြေကမ်းပါးပြိုကျပြီး နေအိမ်အချို့ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • Jun 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




ree

KIO ထိန်းချုပ်နယ်မြေဖြစ်သည့် ရှအစ်ယန်စစ်ရှောင်စခန်းတွင် မြေပြိုသောကြောင့် စစ်ရှောင်များ၏ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု စစ်ရှောင်များက ပြောသည်။


ယမန်နေ့ ဇွန်လ ၁၇ရက်နေ့ နံနက် ၁၁နာရီ၃၀မိနစ်အချိန်ခန့်တွင် မိုးသဲထန်စွာရွာသွန်းသောကြောင့် ရှအစ်ယန်စစ်ရှောင်စခန်းတွင် မြေကမ်းပါးပြိုကျလာခဲ့ရာမှနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။


မြေပြိုကျသောကြောင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့ရသည့်အပြင် လမ်းသွားလမ်းလာနေရာများတွင်လည်း မြေပြိုကာ လမ်းပိတ်ခဲ့သောကြောင့် ပြည်သူများအတွက် သွားလာရေး ခက်ခဲနေကြကြောင်း ထပ်မံသိရသည်။


ယခုကဲ့သို့ မြေပြိုကျခြင်းကြောင့် နေအိမ်အချို့ ပျက်စီးခဲ့သည် သာမက စစ်ရှောင်ပြည်သူများလည်း နေစရာ နေရာအထိုင်အခင်း ခက်ခဲနေပြီး၊ စစ်ရှောင်များမှာ မြေပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဟု သိရသည်။


ရှအစ်ယန်စစ်ရှောင်စခန်းသည် နှစ်စဉ်နှစ်တိုင်း မိုးရာသီအချိန်တွင် တောင်ပြိုကျခြင်းနှင့် မြေကမ်းပါးပြိုကျခြင်းတို့ကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် စစ်ရှောင်စခန်းဖြစ်ပြီး၊ KIA နှင့် စစ်တပ်၏ တကြော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ကြသည့် စခန်းဖြစ်သည်။


ထို့ကြောင့် မြေကမ်းပါးပြိုကျပြီး နေအိမ်ထိမှန် ပျက်စီးခဲ့ရသူများမှာ နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြပြီး၊ နေရာအထိုင်အခင်းအတွက် အကူအညီများ လိုအပ်နေသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page