top of page

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • Oct 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ဆော့လော်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် ယမန်နေ့ အောက်တိုဘာ၂၁ရက် ၁၁နာရီခွဲချိန်ခန့်က စစ်ကောင်စီ၏ Y-12လေယာဉ်ဖြင့် ဗုံး ၁၂ လုံးထက်မနည်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။


ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်း လာရောက်ပစ်ခတ်ခဲ့သည့် နေရာများမှာ လန်ဆယ်၊ ရမ်းမား(Rap Ma)၊ တန်ဒေ(Dangde)၊ နာပေ(Nabe)၊ ရှလာန်ဒမ်း(Shalang Dam)၊ ဇထုဇင်(Jahtu Zin)၊ မခုဆာ(Mahku Sa) စသည့်ကျေးရွာများ ဖြစ်ကြပြီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံး လာရောက်ပစ်ခတ်သည့် နေရာများမှာ ဘုရားကျောင်းတည်ရှိရာ နေရာများသာ ဖြစ်ကြောင်း သိရသည်။


လေကြောင်းတိုက်ခိုက်မှုကြောင့် လန်ဆယ်ဒေသတွင် ကျေးရွာအတွင်းရှိ တံတားအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကုန်စုံဆိုင် မီးလောင်ပျက်စီးခဲ့ရသလို၊ ရမ်းမားကျေးရွာတွင် ဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့သည်။


အလားတူ ၁၂နာရီခွဲအချိန်ခန့်တွင်လည်း ဝိုင်းမော်-လမြန်ကျေးရွာဘက် လေယာဉ်ဖြင့် ဗုံး ၄ကြိမ် လာရောက်ပစ်ခတ်သွားခဲ့သည့်အပြင် ရွှေညောင်ပင်တွင် ဗုံး၂လုံး ပစ်ခတ်သွားခဲ့သောကြောင့် အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်(၄)ဆိုင် ပျက်စီးခဲ့ရသည်။


စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂၂ရက် နံနက်တွင်လည်း ဝိုင်းမော်-လမြန်ဒေသဘက်ကို Y-12လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page