လုံးခင်းတွင် ဆိုင်ခန်းဖောက်ထွင်း၍ ဆိုင်ကယ်ခိုးခံရ
- Pajau Media

- Oct 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ဖားကန့်-လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာအပိုင်း(၃)တွင် ဆိုင်ခန်းဖောက်ထွင်းခံရပြီး ဆိုင်ကယ်ခိုးယူခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ(၄)ရက် ည(၈)နာရီချိန်ခန့်တွင် ဆိုင်ဖောက်ထွင်းသည့် ဓါးပြအဖွဲ့က ဆိုင်အခြေအနေအား အရင်အကဲခတ်ကာ ညပိုင်းမိုးသည်းချိန်တွင် အုပ်စုအဖွဲ့ဖြင့် လာရောက်ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"ဆိုင်ကို ဖောက်ပြီး ဆိုင်ကယ်ခိုးခံလိုက်ရပါတယ်။ ဆိုင်ပိတ်ထားတဲ့အချိန် လူတစ်ယောက် ရေသန့်ပုံးလဲချင်လို့ဆိုပြီး တံခါးခေါက်ပါတယ်၊ ကျွန်တော့အမျိုးသမီးက အိမ်နားပတ်ဝန်းကျင်က လူထင်ပြီးတံခါးဖွင့်ပေးချိန်မှာ မူမမှန်တဲ့ပုံကို သတိထားမိလို့ ကျွန်တော့ကိုလှမ်း ခေါ်မှ ချက်ချင်းထရပ်ပြီး သူလာလဲတဲ့ ရေသန့်တံဆိပ် မရှိလို့ တခြားပုံးထဲကို လဲထည့်တယ်၊ ရေသန့်ကို မ ပြီးတော့ မလဲပဲ ရေသောက်ရင် ဖွင့်တဲ့နေရာကနေ ရေကိုဖွင့် စားပွဲပေါ်တင်ထားပြီး အောက်မှာ သူယူလာတဲ့ပုံးကို ခံထားပြီး ထိုင်စောင့်တာ၊ ကျတော့်မိန်းမက အဲ့လိုဆို ကြာတယ်ပြောမှ သူထရပ်ပြီး လောင်းထည့်တာ၊ အဲ့လိုပုံစံမျိုး အိမ်ထဲဝင်ပြီးအရင်အကဲခတ်တာ " ဟု ဆိုင်ရှင်အမျိုးသားက ပြောသည်။
မူမမှန်သည့် အဆိုပါအမျိုးသားကို ရပ်ကွက်ထဲတွင် မမြင်ဖူးဘဲ အသက်(40)ဝန်းကျင် အရပ်ပုပု အသားဖြူဖြူ၊ ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နှင့် တက်တူးများထိုးထားကာ ဘယ်လက် တံတောင်ဆစ်အောက်တွင် Mother love ဟု စာတမ်းနှင့် မိန်းမပုံစံ တက်တူးထိုးထားပြီး ၊ညာဘက်လက်ဖျင်တွင် နဂါးပုံ တက်တူးထိုးထားကြောင်း သိရသည်။
ယခုလအတွင်းပင် ငြိမ်းချမ်းသာယာဘက် အိမ်ဖောက်ထွင်းပြီး ဆိုင်ကယ်နှစ်စီး ပါသွားခဲ့ကြောင်း ထပ်မံသိရသည်။
သတင်း - ကချင်ပြည်သား




Comments