top of page

လေနှစ်ကျော်အတွင်း အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော်ထိ ပျက်စီးဆုံးရှုံးခံရ

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊နိုဝင်ဘာ၊၂၀၂၅။


ree

စစ်အာဏာသိမ်း လေးနှစ်ကျော် ကာလအတွင်း မီးရှို့မှုကြောင့် အရပ်သား နေအိမ်ပေါင်း (၁၁၆၈၉၇)လုံးထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်ပေါင်း (၁၁၃၀၅၄)လုံးရှိနေကြောင်း Data for Myanmar က ဖော်ပြထားသည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်စုစုပေါင်းများထဲမှ စစ်ကိုင်းတိုင်း၏ ရာခိုင်နှုန်းမှာ ၆၅ရာခိုင်နှုန်းဖြင့် (၇၆၉၉၀)လုံးထိရှိခဲ့ပြီး၊ ကချင်ပြည်နယ်ထဲမှ နေအိမ်ပေါင်း (၁၉၇၉)လုံးထိ ရှိကြောင်း သိရသည်။


စစ်အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်ကောင်စီနှင့် တော်လှန်‌ရေး အင်အားစုများအကြား စစ်ရေးပဍိပက္ခများ ပြင်းထန်ခဲ့ပြီး အရပ်သားနေအိမ် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများမှာ မြို့ရွာများကို စစ်ကြောင်းထိုး မီးရှို့ခြင်း၊ နေအိမ်များဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများ သယ်ယူခြင်း၊ အခြေချတပ်စွဲကာ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်။


အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ခုနှစ်တွင် အရပ်သားနေအိမ်ပေါင်း (၂၁၁၁)လုံး၊ ၂၀၂၂ခုနှစ်တွင် (၄၆၈၅၆)လုံး၊ ၂၀၂၃ခုနှစ်တွင် (၃၁၇၂၈) လုံး၊ ၂၀၂၄ခုနှစ်တွင် (၃၁၉၁၆)လုံးနှင့် ၂၀၂၅ခုနှစ် မေလကုန်အထိ (၄၂၈၆)လုံး ပျက်စီးဆုံရှုံးခဲ့ရကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page