top of page

လျှပ်စစ်မီးပြတ်တောက်တာ ၃ လနီးပါကြာပြီးနောက် ဖားကန့်တွင် လျှပ်စစ်မီးပြန်လည်ရရှိ

  • Writer: Pajau Media
    Pajau Media
  • Sep 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ စက်တင်ဘာလ၊ ၂၀၂၅ခုနှစ်။



ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လျှပ်စစ်မီးပြတ်တောက်တာ ၃လနီးပါးကြာပြီးနောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။


ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်ခဲ့တာဖြစ်ပြီး၊ ၆၆ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက်တွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မိုးရွာသွန်းမှုများ၍ သစ်ပင်များ ဓာတ်အားလိုင်းပေါ်လဲပြို၍ SHP Tension တိုင်ကျိုးနေမှုအား ပြန်လည်ပြုပြင်ခြင်း၊ အခြားဖြစ်စဥ်များကြောင့် ဓာတ်အားကြိုးများ ပြတ်၍ ကြိုးဆက်နေခြင်းတို့ကြောင့် လျှပ်စစ်မီးပြတ်တောက်တာ သုံးလနီးပါး ကြာမြင့်သွားခြင်းဖြစ်ကြောင်း ဖားကန့်လျှပ်စစ်ရုံးမှ ထုတ်ပြန်ထားသည်။


လျှပ်စစ်မီးရရှိသော်လည်း ဖားကန့်ဖီဒါကိုသာ ဖြန့်ဖြူးနိုင်ပြီး လုံးခင်းဖီဒါနှင့် ဆိပ်မှုဖီဒါများအား ဓာတ်အားလွတ်နိုင်ရန် အသေးစိတ် မြေပြင်ကွင်းဆင်း လေ့လာရဦးမည်ဖြစ်သောကြောင့် ဖားကန့်ဖီဒါအား အလုံးစုံဓာတ်အားဖြန့်ဖြူးပြီးမှသာ ဆက်လက်ဆာင်ရွက်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


“ဖားကန့်ဘက်ရတယ်လို့တော့ကြားတယ်။ လုံးခင်းဘက်တော့မရသေးဘူး။ ရရင်လည်း မီးကပုံမှန်လာမယ်မထင်ဘူး၊ ဆိုလာမီးနဲ့မှ ပိုအဆင်ပြေမှာ” ဟု လုံးခင်ဒေသခံ တစ်ဦးက ထပ်မံပြောပြသည်။


လုံးခင်းနှင့် ဆိပ်မှုကျေးရွာမှ ကျန်နေရာများတွင် လျှပ်စစ်မီးပြန်လည် ရရှိသော်လည်း လျှပ်စစ်မီးမရရှိတာ ကြာမြင့်ချိန် မီးကြိုးများအား သူခိုးများခိုးသွားခြင်းတို့ကြောင့် မီးကြိုးများ ပြန်လည်ဝယ်ယူတပ်ဆင်ရာတွင် ပြည်သူများအနေဖြင့် ငွေကြေးထပ်မံ ကုန်ကျခဲ့သည်ဟု ဆိုသည်။


ထိုသို့ ငွေကြေးများကုန်ကျကာ ပြန်လည်တပ်ဆင်ထားသော်လည်း မီးပုံမှန်မရရှိဘဲ ပြတ်တောက်ချိန်ပိုများမည်ကိုလည်း စိုးရိမ်နေကြောင်း သိရသည်။


ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ နမ္မတီး၊ ဟိုပင်၊ နန်းမား၊ ဖားကန့် မြို့များမှာ ချီဖွေရေအားမှ မဂ္ဂါဝပ်-၄၀MWအား ခွဲဝေသုံးစွဲရနေကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page