လေယာဉ်ဗုံးကြာင့် အရပ်သားပြည်သူတစ်ဦး ထပ်မံ ထိခိုက်သေဆုံး
- Pajau Media

- Sep 19, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

KIAအမှတ်(၁၁)တပ်ရင်းဒေသဖြစ်သည့် ကဆုန့်ကျေးရွာတွင် စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၁၈ရက် နေ့လယ် ၁၀နာရီခွဲအချိန်ခန့်က လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်(၁)စီးဖြင့် ကဆုန့်ကျေးရွာ ဒေသခံများ နေထိုင်ရာသို့ ဗုံး(၂)ကြိမ်ထိ လာရောက်ပစ်ခတ်ခဲ့ရာ၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည့်အပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
လက်နက်ထိမှန်သောကြောင့် အသက်သေဆုံးခဲ့ရသည့် အမျိုးသမီးမှာ နမ္မတီး-လမ်းခွကျေးရွာ ဂျာကြိုင်ရပ်ကွက်မှ အသက်(၂၀)အရွယ် မရွယ်ဂျာဖြစ်ပြီး၊ လက်နက်ထိမှန် ဒဏ်ရာပြင်းထန်ခဲ့သောကြောင့် မြစ်ကြီးနားဆေးရုံသို့ သွားရောက်ကုသရန် သွားနေစဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ရကြောင်း သိရသည်။
အလားတူ ဖားကန့်ဒေသတွင်လည်း စက်တင်ဘာ ၁၇ရက်နေ့ တစ်ရက်ထဲတွင် ပြည်သူ(၄)ဦးသေဆုံးခဲ့ရပြီး၊ ပြည်သူ(၆)ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများတွင် စစ်တပ်က လေယာဉ်ဗုံးများဖြင့် လာရောက်ပစ်ခတ်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်နေသလို၊ လက်နက်ကြီး၊ လေယာဉ်များဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရကာ၊ သေဆုံးနေသူ အများအပြားနှင့် နေအိမ်ထိခိုက်ပျက်စီးမှုများလည်း များစွာရှိနေပြီဖြစ်သည်။
သတင်း - ထုဆိုင်း




Comments