top of page

လေးလတာအတွင်း အုပ်စုလိုက်သတ်ဖြတ်ခံရသူ (၆၃၇)ဦး ရှိ

  • Writer: Pajau Media
    Pajau Media
  • Oct 10
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ(၅)ဦးအထက် အသတ်ခံရသည့် ဖြစ်စဉ်မှာ နေ့စဉ်ပိုမိုများပြားလာရာ မေလမှစ၍ ဩဂုတ်လအထိ ၄လအတွင်း အုပ်စုလိုက်သတ်ခံရသူ စုစုပေါင်း(၆၃၇)ဦး ရှိခဲ့ပြီဖြစ်ကြောင်း ညဏ်လင်းသစ်က အောက်တိုဘာ ၈ရက်နေ့တွင် ထုတ်ပြန်ထားသည်။


နိုင်ငံအတွင်းရှိ ဒေသ(၃၈)နေရာတွင် စစ်ကောင်စီအပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အမည်မသိရသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြောင့် အရပ်သားပြည်သူများ အသက်ဆေသုံးခဲ့ရသည့် ဖြစ်သည်(၆၈)ကြိမ်ရှိခဲ့ပြီး၊ (၆၆)ကြိမ်မှာ စစ်ကောင်စီမှ ကျူးလွန်ခဲ့ကြောင်း သိရသည်။


အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်သေဆုံးရသည့် ဖြစ်စဉ်(၃၉)ကြိမ်နှင့် ဒုတိယအများဆုံးမှာ စစ်ရေးလှုပ်ရှားမှုအတွင်း အသက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်(၁၃)ကြိမ်အထိ ရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် တိုက်ပွဲအတွင်း အသတ်ခံရသည့်ဖြစ်စဉ်မှာ (၅)ကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ခဲ့သည်။


ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ခံရမှုဖြစ်စဉ်မှာ စစ်ကောင်စီ၊ ပျူစောထီးနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နေရာဒေသအပြင် စစ်ကြောင်းထိုးလှုပ်ရှားချိန် အတင်းအဓမ္မဖမ်းဆီးခေါ်‌ဆောင်ခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ ကျေးရွာမီးရှို့ဖျက်ဆီးခံရခြင်းနှင့် လူသားဒိုင်းခေါ်ဆောင်ခံရခြင်းများလည်း ပါဝင်ကြောင်း သိရသည်။


အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ၂၀၂၁ခုနှစ်တွင် (၅၇၀)ဦး၊ ၂၀၂၂ခုနှစ်တွင် (၆၁၂)ဦး၊ ၂၀၂၃ခုနှစ်တွင် (၉၃၉)ဦး၊ ၂၀၂၄ခုနှစ်တွင် (၁၄၈၄)ဦးနှင့် ၂၀၂၅ခုနှစ် ဩဂုတ်လထိ (၁၁၂၂)ဦးတို့ ရှိခဲ့ပြီဖြစ်သည်။


ကချင်ပြည်နယ်တွင်လည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံးများကြောင့် စက်တင်ဘာအတွင်း လူ(၁၉)ဦးထိ သေဆုံးခဲ့ရပြဖြစ်ကြောင်း KHRWက ထုတ်ပြန်ထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page