လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး
- Pajau Media

- 5 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ဧပြီ၊၂၀၂၆။

ဖားကန့်ဒေသတွင် စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။
ဧပြီ၂၃ရက် ည၁၀နာရီချိန်ခန့်က ဖားကန့်တပ်မကုန်းရှိ စစ်တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးက နမ္မဖြစ် ကက်သလစ်စစ်ရှောင်စခန်းတွင်း ကျရောက်ပေါက်ကွဲသောကြောင့် ဘုရားကျောင်းအစောင့်၏သား အသက်သေဆုံးခဲ့ပြီး၊ နောက်ထပ်ပြည်သူနှစ်ဦးလည်း ထိခိုက်ခဲ့ရကြောင်း သိရသည်။
သေဆုံးသူမှာ အသက် (၁၃) နှစ်အရွယ်ရှိ မောင်ဆွတ်ဂျတ်အောင်ဆိုသူဖြစ်ပြီး၊ မိခင်ဖြစ်သူနှင့် ညီဖြစ်သူမှာ ခြေထောက်တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိထားသဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
စစ်ရှောင်စခန်းအနီး၀န်းကျင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က လက်နက်ပစ်ခတ်တိုက်ခိုက်ခြင်းမှာ ပြည်သူများအား ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများပြောဆိုကြသည်။
စစ်ကော်မရှင်ပူးပေါင်းတပ်သည် တပ်မကုန်းမှ လက်နက်ကြီး မကြာခဏရမ်းသမ်းပစ်ခက်လေ့ရှိပြီး ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင်လည်း တပ်မကုန်းမှပစ်ခတ်သည့် လက်နက်ကြီး မှော်စီစာကျေးရွာရှိလူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့သည်။
သတင်း- ထုဆိုင်း




Comments