ရွှေကူဒေသ စစ်တပ်စခန်း KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းယူ
- Pajau Media

- Apr 24
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက် ဧပြီ ၂၀၂၆။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွှေကူမြို့ ၅လမ်းဆုံနေရာတွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်မှ သိမ်းနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
ကချင်ပြည်နယ် KIA တပ်မဟာ(၁၁) နယ်မြေဖြစ်သည့် ရွှေကူဒေသကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုး လှုပ်ရှားလာခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို စစ်ကောင်စီတပ် ခလရ(၅၆)၊ ခမရ(၆၀၂)၊ တပ်မ (၈၈) လက်အောက်ခံ ခလရ(၃၇၈)တပ်ရင်းနှင့် (၄၁၆)တပ်ရင်းတို့ ပူးပေါင်းကာ စစ်ကြောင်းထားလာခဲ့သည်။
လက်ရှိ စစ်ကောင်စီသည် ကချင်ပြည်နယ် KIA တပ်မဟာ(၁၁) နယ်မြေ ရွှေကူဘက်တွင် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အပြင် KIA တပ်မဟာ(၁၁) နယ်မြေ ဖားကန့်ဘက်တွင်လည်း စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments