လက်နက်ကြီးပေါက်ကွဲမှုကြောင့် မြစ်ကြီးနားပြည်သူများ ထိခိုက်သေဆုံး
- Pajau Media

- Aug 25, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊ သြဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၂) ရှိ ဦးပိန်တံတားအနီးတွင် ယမန်နေ့ ညနေ(၆)နာရီဝန်းကျင်အချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ဆယ်ကျော်သက်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက်သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ် မယုသဉ္ဇာခိုင်(ခ)ချစ်စုမ ဆိုသူဖြစ်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သူ နှစ်ဦးမှာ အသက် ၂၀ နှစ်အရွယ် မဇင်မင်း နှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေ တို့ဖြစ်ကြောင်း သိရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ အသက်ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးပြီး ဆိုင်ကယ်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း ပျက်စီးသွားခဲ့ကြောင်း၊ ၎င်းရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
မြစ်ကြီးနားမြို့တွင် စစ်တပ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၊ ကြက်ပေါင်ခြံ၊ ကြံ့ခိုင်ရေးပါတီရုံးချုပ် စသည့်နေရာများတွင် လက်နက်ကြီးအထိုင်ချထားပြီး ၀ိုင်းမော်ဘက်တွင်လည်း မကြာခဏဆိုသလို လက်နတ်ကြီးများ ပစ်ခတ်လေ့ရှိ ကြောင်း ဒေသခံများကပြောသည်။
သတင်း - ဖရိန်း




Comments