top of page

လတ်တလော ကချင်ပြည်နယ်တွင်း တိုက်ပွဲအနည်းငယ် ငြိမ်နေသော်လည်း ဗုံးပစ်ခတ်တိုက်ခိုက်မှု ပုံမှန်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Jan 13
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ ဇန္နဝါရီ၊ ၂၀၂၆။


လတ်တလော ဗန်းမော်စစ်မျက်နှာ၊ ဖားကန့်စစ်မျက်နှာနှင့် ဝိုင်းမော်စစ်မျက်နှာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ ငြိမ်သက်နေသော်လည်း စစ်ကောင်စီက လေကြောင်းဖြင့် ဒရုန်းဗုံးများ ပစ်ချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးပစ်ခတ်ခြင်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။


KIOသတင်းဌာနတွင် ပြီးခဲ့သည့် ဇန္နဝါရီ ၄ ရက်နေ့ကတည်းက ၁၁ ရက်နေ့ထိ ကချင်ပြည်နယ်တွင်း တိုက်ပွဲငြိမ်သက်နေသော်လည်း ဗန်းမော်၊ဖားကန့်၊ ဝိုင်းမော်နှင့် အခြားဒေသများတွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်ခြင်း(၂၀၅)ကြိမ်၊ ဒရုန်းဗုံး(၂၉)ကြိမ်၊ လေယာဉ်ဗုံးဖြင့် အကြိမ်ရေ(၇၀)ထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။


ထို့အပြင် ထိတွေ့တိုက်ပွဲမှာ ၂ကြိမ်ထိသာ ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲအနည်းငယ် ငြိမ်သက်နေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့်အပတ်တွင် ဖားကန့်-မိုင်းနောင်ကျေးရွာတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ဗန်းမော်-ဆင်ကုန်းကျေးရွာဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ပြီး၊ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page