top of page

လန်ဆယ်ဒေသ ယနေ့ ထပ်မံ ဗုံးကျဲခံရ

  • Writer: Pajau Media
    Pajau Media
  • Oct 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ ဆော့လောမြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကော်မရှင်တပ်က နောက်ထပ် ဗုံးထပ်မံကျဲချခဲ့ကြောင်း သိရသည်။


ယနေ့ ၂၁ရက်နေ့ ၁၁နာရီ အချိန်လောက်တွင် Y-12 လေယာဥ်ဖြင့် ဗုံးလေးလုံး လာရောက် ကျဲချခဲ့သောကြောင်း တံတားနားက ဈေးဆိုင်တစ်ခု ထိမှန်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း ကျန်ရှိနေသေးကာ လူထိခိုက်မှုကိုတော့ မသိရှိရသေးဘူးဟု ဆိုသည်။


လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်တာဟာ အောက်တိုဘာလအတွင်း နှစ်ကြိမ်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး၊ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page