top of page

လမ်းခရီးအတွင်း တားဆီးစစ်ဆေးမှု များပြားသောကြောင့် ခရီးသွားချိန်ကြန့်ကြာ

  • Writer: Pajau Media
    Pajau Media
  • Sep 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



မြစ်ကြီးနား-ပူတာအိုသွားလမ်းတွင် ပုံမှန်နေ့တစ်ရက်ထဲ ရောက်ရှိနိုင်သော်လည်း ယခုရက်ပိုင်း ပြင်းပြင်းထန်ထန် တားဆီးစစ်ဆေးမှုများကြောင့် လမ်းခရီးအတွင်း တစ်ညအိပ်မှသာ ရောက်နိုင်ကြောင်း ဒေသခံများက ပြောသည်။


“အခုက အသေးစိတ်စစ်တယ်၊ ကားမှာတင်လာတဲ့ ပစ္စည်းတွေ အကုန်စစ်တယ်။ တန်ဖရဲဂိတ်မှာလည်း အရန်းစစ်တယ်။ သူတို့သံသယရှိသူဆို ပိုစစ်တယ်။ ည ၆နာရီ နောက်ပိုင်းဆို မဖြတ်ခိုင်းဘူး။ ဂိတ်တိုင်းရပ်ခိုင်း၊ စစ်ဆေးမှုတွေကြောင့် တစ်ရက်ထဲနဲ့ မရောက်ဘဲ ကြာသွားတယ်။” ဟု ခရီးသွားပူတာအို ဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုဘက်မှ ဆင်းလာသူများမှာ တန်ဖရဲဂိတ်တွင် ၆နာရီနောက်ပိုင်း မဖြတ်ခိုင်းသောကြောင့် တီယာန်ကျေးရွာတွင် ရပ်နားရပြီး၊ တန်ဖရဲဂိတ်မှာ အဆင်းထက် အတက်ကားများကိုသာ ပိုမိုစစ်ဆေးခြင်းဖြစ်ကြောင်းနှင့် အတက်ကားများကို အချိန်ကန့်သတ်ဖြင့်သာ ဖြတ်ခိုင်းကြောင်း သိရသည်။


ထို့အပြင် တန်ဖရဲဂိတ်အထက်ဘက် တောင်ယာလုပ်ငန်း၊ တစ်ပိုင်တစ်နိုင် ရွှေကျင်သူများနှင့် စိုက်ခင်းလုပ်ကိုင်စားသောက်သူများအတွက် အခက်အခဲများစွာ ကြုံတွေ့ရသည်။ စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာအပြင် မြို့တွင်းအထိ တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ကြပြီး၊ လက်တလောမှာ ဖုန်းစစ်ဆေးမှုများကိုလည်း ပိုမိုလုပ်ဆောင်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page