top of page

လမြန်တိုက်ပွဲအပြီး စစ်တပ်က ဂါးရာယန်ကျေးရွာသို့ လေကြောင်းပစ်ခတ်

  • Writer: Pajau Media
    Pajau Media
  • Oct 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်ကိုအဓိကအသုံးပြုတိုက်ခိုက်နေရာ အောက်တိုဘာ ၈ရက် မွန်းလွဲ ၃နာရီချိန်တွင် ဂါးရာယန်ကျေးရွာသို့ လေယာဥ်ဗုံး ၂ကြိမ်ထိ လာရောက်ကျဲချသွားကြောင်း သိရသည်။


"မနေ့ ၃နာရီလောက်မှာ လေယာဥ်ဗုံးကျဲသွားတာ။ လမြန်ရွာဘက် တိုက်ပွဲဖြစ်ပြီးနောက် စစ်ရှုံးလို့လာသွားတာ။ လာပစ်သွားတာက အရင်သူတို့နေသွားတဲ့ တပ်စခန်းအဟောင်းမှာ ဟုတ်တယ်။ ၂၀၂၄ခုနှစ်မှာ လက်လွတ်ထားတဲ့နေရာ၊ အခုက တော်လှန်ရေးတပ်ဖွဲ့တွင် တပ်စွဲထားပြီ။ ထိခိုက်မှုတော့ ဘာမှမကြားဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်တပ်က ယခင်နှစ် လက်လွတ်ဆုံးရှုံးခဲ့သည့် နေရာများကို ပြန်လည်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင်နေသလို ပြန်မရသည့်နေရာများမှာ ပျက်စီးဆုံးရှုံးအောင် လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။


စစ်လေယာဥ်ဗုံးကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများလည်း များပြားသလို KIA ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသည့် KIOအစိုးရကျောင်းများလည်း လေကြောင်းရန်ကြောင့် ယခုချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။


ယခုရက်ပိုင်းအတွင်း စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာများအပြင် KIA တပ်မဟာနယ်မြေများထိ လေကြောင်းလာရောက်ပစ်ခတ်သောကြောင့် သတိထားရမည်ဖြစ်ကြောင်း KIAသတင်းဌာနက ပြောဆိုထားသည်။


သတင်း- ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page