top of page

လမြန်ဒေသ နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Nov 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊နိုဝင်ဘာ၊၂၀၂၅။


ဝိုင်းမော်-လမြန်ဒေသတွင် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။


နိုဝင်ဘာ ၂၄ရက် နံနက် ၉နာရီအချိန်ခန့်တွင် KIAပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် နေရာအနီးဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက် ချီတက်လာသောကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ထိတွေ့တိုက်ပွဲတိုက်ပွဲခဲ့ရာ နှစ်ဖက်တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နက်ကြီးတစ်လုံး ဝူယန်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ဒေသခံပြည်သူ(၂) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


သို့သော် အဆိုပါထိခိုက်ခံရသူ ပြည်သူနှစ်ဦးမှာ မစိုးရိမ်ရနှင့် လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့သဆောင်ရွက်ပေးခဲ့ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။


လမြန်ဒေသတွင် KIAတပ်ဖွဲ့ဘက်မှ လက်တလော ထိုးစစ်ဆင်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပုံမှန် ထိုးစစ်ဆင် စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေဆဲဖြစ်သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခနဖြစ်ပွားနေသည်။ ထို့အပြင် နှစ်ဖက်စစ်ရေးမှာလဲ တင်းမာနေဆဲဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page