လမြန်ဒေသမှ စစ်တပ်ပူးပေါင်း တပ်စခန်း(၂)ခုကို KIA ပြန်သိမ်း
- Pajau Media

- Oct 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
၀ိုင်းမော်-လမြန်ဒေသတွင် နေရာယူတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ၏ တပ်စခန်း(၂)နေရာကို KIAပူးပေါင်းတပ်ဖွဲ့တို့ ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၈ရက် နံနက် ၆နာရီအချိန်ကတည်းက လမြန်ဒေသတွင်း ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ လမြန်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခမ်း၂ခုကို KIAပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါတပ်စခန်းကို KIAတပ်ပေါင်းစုများ နေရာယူထားစဥ် စစ်တပ်က လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောကြောင့် ဆုတ်ခွာထားသည့်နေရာကို ယမန်နေ့တွင် တစ်ဖန်ပြန်လည်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗန်းမော်ဒေသတွင်လည်း နေ့စဥ်တိုက်ပွဲဖြစ်ပွားနေသလို ဖားကန့်ဒေသကိုလည်း နှစ်ဖက်စစ်ရေးတင်းမာနေပြီး နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ််သည်။
သတင်း - ထုဆိုင်း
Video Credit to Owner




Comments