top of page

လဝါးကျေးရွာရှိ ပြည်သူ့စစ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေး တင်းကြပ်နေ

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဇန္နဝါရီ၊၂၀၂၆။


မြစ်ကြီးနား-တနိုင်းသွားလမ်းရှိ လဝါးကျေးရွာတွင် မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ချကာ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမေးမြန်း၊ စုံစမ်းမှုများ လုပ်နေကြောင်း သိရသည်။


လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးစစ်ဆေးပြီး၊ ဆိုရှယ်မီဒီယာပေါ်တင်ပေးခြင်း၊ အပျိုမိန်းကလေးငယ်များအား ရိုင်းစိုင်းသည့် အပြုအမှုများဖြင့် ပြောဆိုဆက်ဆံခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။


အလားတူ ဟူးကောင်းဒေသရှိ လပူခ၊ ဝေလော၊ ပျားဆွဲ စသည့်ဒေသများတွင် တိုက်ပွဲကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ ဒေသခံများ၏ ဈေးဆိုင်ပစ္စည်းများကို ပြည်သူ့စစ်နှင့် ရှမ်းနီပြည်သူ့စစ်များက ကား၊ဆိုင်ကယ်၊ သုံးဘီးများနှင့် သယ်ယူအသုံးပြုနေကြောင်း သိရသည်။


ထို့အပြင် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ရွှေမှော်တွင်း ရှိနေသည့် မူးယစ်ဆေးဝါး သုံးစွဲသူများကို ငွေပေးကာ၊ ပြည်သူများ၏ ပစ္စည်းများကို သယ်ယူခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page