top of page

ဝှေခါ- အင်းတော်ကြီး လမ်းပိုင်း ပြန်ဖွင့်ပေး၊ ငွေကြေးပေး ဖြတ်သန်းနေရ

  • Writer: Pajau Media
    Pajau Media
  • Oct 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့သွားသည့် ဝှေခါ-အင်းတော်ကြီးလမ်းပိုင်းကို စစ်ကော်မရှင်ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ငွေကြေးပေးမှသာ ဖြတ်သန်းခွင့် ရနေကြောင်း ကားသမားများထံမှ သိရသည်။


အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကော်မရှင်မှ နယ်မြေစိုးမိုးထားပြီး နန့်မွန်း‌တောင်ထိပ်မှ စစ်ကော်မရှင်ဂိတ်၊ နန့်မွန်းမြို့မှ SNA ဂိတ်များကို အဆင့်ဆင့် ကျော်ဖြတ်ပြီးမှသာ လုံးတုံဂိတ်သို့ ရောက်ရှိရာ လုံးတုံဂိတ်တွင် စစ်ကော်မရှင်အား ငွေကြေးပေး၍ ဖြတ်သန်းခွင့်ရခဲ့ကြောင်း ကားသမားများ၏ ပြောပြချက်အရ သိရပါသည်။


''လုံးတုံ စစ်‌ကော်မရှင်ဂိတ်က ကားတစ်စီး (၃)သိန်းကျပ် တောင်းပါတယ်၊ ဖားကန့် - လုံးခင်းဘက် သွားမယ်လို့မပြောပဲ အနီးအနားက ညောင်ပင်ရွာဘက် သွားမယ်ဆိုရင် ရပါတယ်" ဟု ကားသမားတဦးက ပြောသည်။


ဝှေခါ-အင်းတော်ကြီးလမ်းပိုင်းကို စစ်ကော်မရှင်ဘက်မှ ဖြတ်သန်းခွင့်ကို ဇူလိုင်လ(၁၈)ရက်နေ့ကစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ အင်းတော်ကြီးဒေသတွင်း နန့်မွန်း၊ မိုင်းနောင်၊ လုံတုံကားလမ်း‌ ဘေးများတွင် မိုင်းများထောင်ထားသောကြောင့် သတိပြုသွားလာသင့်ကြောင်းလည်း ဒေသခံများက ပြောသည်။


စက်တင်ဘာ(၂၅)ရက်နေ့တွင် လုံးတုံဂိတ်အနီး စစ်ကော်မရှင်မှ ထောင်ထားသော မိုင်းနင်းမိပြီး ကုန်းမနမှ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page