ဝိုင်းမော်ဒေသဘက် စစ်ရေးဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားနေ
- Pajau Media

- Sep 22, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ် ဝိုင်းမော်-လမြန်ဒေသဘက်တွင် ယနေ့မနက် အစောပိုင်းအချိန်ကစပြီး တိုက်ပွဲတစ်ဖန် ပြန်လည်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
စစ်ကောင်စီတပ်များသည် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ရေးအတွက် ဝိုင်းမော်-လမြန် ဒေသအပြင် လန်ဆယ်ဒေသတွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ် ဆော့လော်မြို့နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိတွင် ဆော့လော်မြို့နယ်ရှိ လန်ဆယ်ဒေသအပါအဝင် အနီးပတ်ဝန်းကျင်ထိ စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ကချင်ပြည်နယ်ရှိ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် ရွှေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေငြာထားသော်လည်း လက်တွေ့တွင် ထိုမြို့နယ်ဘက် စစ်ကောင်စီနှင့် ပြည်သူ့စစ်များပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
သတင်း - ဖရိန်း




Comments