top of page

ဝိုင်းမော်ဘက် ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲပြင်းထန်ခဲ့

  • Writer: Pajau Media
    Pajau Media
  • Sep 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းအချိန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။


KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၇ရက်မှစတင်ပြီး ထိုးစစ်ဆင်လာသောကြောင့် နေ့တိုင်းဆိုသလို တိုက်ပွဲများဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။


တိုက်ပွဲပြင်းထန်နေဆဲ လမြန်ကျေးရွာအနီးရှိ နမ့်ဝါကျေးရွာနှင့် မုတ်ကျိတ်ကျေးရွာများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာသောကြောင့် ဒေသခံပြညသူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။


လက်ရှိသတင်းရေးသားနေချိန် ညနေ ၄နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနားမြို့မှ ကျယ်လောင်သည့် လက်နက်ကြီးသံများ နှစ်ကြိမ်ထက်မနည်း ကြားခဲ့ရသည်ဟု ဆိုသည်။


ထို့အပြင် ဖားကန့်မြို့နယ်တွင်လည်း နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်ကြရန် KIAပူးပေါင်းတပ်များက သတိပေးထားကြသည်။


အလားတူ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်များကြောင့် မြို့နယ်အတွင်းမှ စာသင်ကျောင်းအချို့မှာ အရေးပေါ်ပိတ်လိုက်ခံထားရဆဲ ဖြစ်သည်။


စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နေသည်ဟု Kachin Human Rights Watch-KHRW ကလည်း ထုတ်ပြန်ထားသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page