ဝိုင်းမော်-လမြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကားတစ်စီး KIAမှ ဖျက်ဆီး
- Pajau Media

- Sep 11, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဝိုင်းမော်-လမြန်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် မြေပြင်တွင်လည်း တင့်ကားအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီ၏ တင့်ကားတစ်စီးကို KIA တပ်မှ ဖျက်စီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၀ရက်နေ့တွင် ဝိုင်းမော်-လမြန်ကျေးရွာရှိ LBC ခရစ်ယာန်ဘုရားကျောင်း အနီးတဝိုက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေယာဉ်ဖြင့် (၅)ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ သိရသည်။
စစ်ကောင်စီတပ်သည် ဝိုင်းမော်မြို့နယ်ကို ပြည်သူ့စစ်အင်အားများသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး KIAပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများကို ရွှေးကောက်ပွဲမတိုင်မီ ပြန်လည်သိမ်းပိုက်ရရှိရန်အတွက် ဆက်တိုက်ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များက ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားဆက်တိုက်စေလွှတ်နေပြီး စစ်ကြောင်းများကာ မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်သည်။
သတင်း - ဖရိန်း




Comments