ဝါရာဇွပ်ကျေးရွာမှပြည်သူများ စစ်ရှောင်ချိန်(၂)လကျော်ကြာမြင့်လာပြီးနောက် သက်ဆိုင်ရာမှနေရပ်ပြန်နေထိုင်နိုင်ရန် ဆောင်ရွက်ပေးစေနေလို
- Pajau Media
- May 8
- 1 min read
ပါဂျောင်မီဒီယာ။
၈ရက်၊မေလ၊၂၀၂၅။
စစ်ကောင်စီမှ အပစ်ခတ်ရပ်စဲရေးကြေညာထားသော်လည်း ကချင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့မှုများနှင့်လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် တောတွင်းသို့ ထွက်ပြေးသိမ်းရှောင်နေရသောပြည်သူများ တစ်နေ့ထက်တစ်နေ့ပိုမိုများပြာနေကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊တနိုင်း လီဒိုလမ်း တစ်လျှောက်တွင် စစ်ကောင်စီပူပေါင်းတပ်နှင့် KIAစုပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများကြောင့် ဝါရာဇွပ်ကျေးရွာရှိ ပြည်သူထောင်ချီ တောတွင်းသို့ထွက်ပြေးသိမ်းရှောင်နေကြသည်မှာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်သည်။
ယခုအချိန်တွင် တောတွင်း၌အဆင်ပြေသလို နေထိုင်နိုင်သော်လည်း မိုးတွင်းရောက်ချိန်တွင် အစားအသောက်၊ဆေးဝါး အရာရာ ခက်ခဲနိုင်သောကြောင့် စစ်ရှောင်ပြည်သူများ စိုးရိမ်နေကြခြင်းဖြစ်သည်။ စစ်ရှောင်ပြည်သူများမှာ မိုးတွင်းမရောက်မီ ရွာတွင်းသို့ ပြန်လည်နေထိုင်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးစီစဥ်ပေးစေလိုကြောင်းသိရသည်။
ဝါရာဇွပ်ကျေးရွာအတွင်း ယခင်က စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်တပ်များ တပ်စွဲနေရာယူခြင်းမရှိသော်လည်း မတ်လ၊လဆန်းပိုင်းမှစပြီး KIA စုပေါင်းတပ်တို့ ဝါရာဇွပ်ကျေးရွာအနီးတွင် တပ်စွဲနေရာယူရာမှ စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် နှစ်ဖက်တပ်များကြား စစ်ရေးမာနေပြီး ဧပြီ ၄ရက်နေ့မှစ၍ ကျေးရွာအတွင်း မင်းဇေသန့်ပြည်သူ့စစ်များ တပ်စွဲနေရာယူနေသည်မှာ ယနေ့တိုင်ဖြစ်သည်။ စစ်ရေးတင်းမာမှုများကြောင့် ပြည်သူများ ထွက်ပြေးသိမ်းရှောင်သွားချိန်တွင် ပြည်သူ့စစ်များတပ်စွဲနေရာယူပြီး ပြည်သူမရှိသောနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများရှိသော်လည်း မီးရှို့ဖျက်ဆီးလိုက်သောနေအိမ်အရေအတွက်ကို အသိအကျမသိရှိနိုင်သေးကြောင်း ဒေသခံများကပြောသည်။
သတင်း - ပီလမ့်အူ
Comments