top of page

သားဖြစ်သူမှ အဖေဖြစ်သူကို ဓားခုတ်သတ်မှု ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Oct 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


စစ်ရှောင်များ ပြန်လည်နေထိုင်ကြပြီဖြစ်သည့် ဂျာပူကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၉ရက်နေ့ ညနေ ၆နာရီအချိန်ခန့်တွင် အသက်၂၈နှစ်အရွယ် သားဖြစ်သူမှ အဖေကို ဓားဖြင့်ခုတ်သတ်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ရက် ညနေပိုင်းတွင် သားဖြစ်သူ အသက်၂၈နှစ်အရွယ် မောင်ဒေါ့ရှီဂမ်ယူက အရက်သောက်ပြီး မူးယစ်ကာ အဖေဖြစ်သည့် ဦးဒေါ့ရှီလဆမ်နှင့် စကားများ ရန်ဖြစ်နေရာမှ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အသက်သေဆုံးခဲ့ရသည့် အဖေဖြစ်သူမှာ အသက်(၅၇)နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ ဦးခေါင်း၊ ခန္ဒာကိုယ်နှင့် လက်မောင်းတို့တွင် ဓားဖြင့်အကြိမ်ကြိမ် ခုတ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အပြစ်ကျူးလွန်သူ သားဖြစ်သူမှာ လက်ရှိ ထွက်ပြေးပုန်းရှောင်နေကြောင်းနှင့် ဂျာပူဒေသမှ တာဝန်ရှိသူများက ဆက်လက်ရှာဖွေစုံစမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။


ဂျာပူကျေးရွာသည့် ယခင် ၂၀၁၁ခုနှစ် တကြော့ပြန်တိုက်ပွဲကြောင့် တိမ်းရှောင်ထားခဲ့သည့် ကျေးရွာဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် KIAပူးပေါင်းတပ်ဖွဲ့များ တစ်ဖန်တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် ဒေသခံများ နေရပ်ပြန်အချေနေထိုင်သည့် ‌ကျေးရွာဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page