သိမ်းပိုက်ထားသည့် တင့်ကားတပ်နှင့် တပ်စခန်းအချို့ KIAလက်လွတ်
- Pajau Media

- Sep 13, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ဗန်းမော်တိုက်ပွဲတွင် KIAနှင့် တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် တပ်နေရာအချို့ကို ပြန်လည်လက်လွတ်လိုက်ရကြောင်း သိရသည်။
KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် တင့်ကားတပ် ၅၀၁၄ နှင့် ခလရ ၂၃၆ တပ်တို့ကို လေယာဉ်ဗုံးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှလည်း စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သောကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့တွင် ပြန်လည်လက်လွတ်ခဲ့ရကြောင်း သိရသည်။
ဗန်းမော်ဒေသသို့ ပြီးခဲ့သည့် ဩဂုတ်လဆန်းကတည်းက စစ်သင်္ဘောများ ရောက်ရှိလာချိန်နောက်ပိုင်း စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းပြီး တိုက်ပွဲပြင်းထန်ခဲ့သည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်။ ထို့အပြင် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် နှစ်ဖက်စစ်တပ် အကျအဆုံးမှာ အများအပြားရှိခဲ့ပြီဖြစ်သလို ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း (၉)လနီးပါး ရှိနေပြီဖြစ်သည်။
ယခုကဲ့သို့ သိမ်းပိုက်ရရှိထားသည့် တပ်စခန်းများ ပြန်လည်လက်လွတ်ရခြင်းမှာ စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ပွဲတွင် လေယာဉ်၊ ဒရုန်းဗုံးများနှင့် ခေတ်မီစက်လက်နက် ပစ္စည်းများ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
သတင်း - ပီလမ့်အူ










Comments