ဟူးကောင်းဒေသ လေယာဉ်ဗုံးကြောင့် ပြည်သူများ ပြင်းထန်ဒဏ်ရာရရှိ
- Pajau Media

- Dec 23, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊ဒီဇင်ဘာ၊၂၀၂၅။

KIAအမှတ်(၂)တပ်မဟာ၊ ဟူးကောင်းဒေသတွင် စစ်ကောင်စီက လေယာဉ်ဗုံး လာရောက်ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လေယာဉ်ဗုံးကြောင့် ခေါင်းနှင့်မျက်စိအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် လက်ရှိ တနိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ကုသရမည်ဖြစ်ကာ ဆေးကုသစရိတ်နှင့် လမ်းခရီးခက်ခဲနေကြောင်း သိရသည်။
ထို့အပြင် မံမလင်းကျေးရွာ ဘောလုံးကွင်းတွင်လည်း ဂျက်ဖိုက်တာလေယာဉ်ဖြင့် ယမန်နေ့ ဒီဇင်ဘာ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် ဗုံးပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူ ပြည်သူများမှာ အသက် ၇၀ကျော်အရွယ် ဒေါ်ဝါ့ဂျေဘောက်၊ အသက်၄၀ကျော်အရွယ် ဒေါ်စိန်ထွေး၊ အသက်၂၆နှစ်အရွယ် ဒေါ်မီးမီးနှင့် အသက်၁၃နှစ်အရွယ် စုလင်းလက်ထွန်းတို့ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူများမှာ ဗန်းမော်ကျေးရွာမှ ဖြစ်ပြီး၊ လက်ရှိ မံမလင်းကျေးရွာတွင် စစ်ဘေးရှောင်နေထိုင်ကြသူများ ဖြစ်သည်။ လက်ရှိ စစ်ကောင်စီများမှာ KIAထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပုံမှန်လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments