ဟိုပင်ဒေသမှ လမ်း၊တံတား ဖျက်ဆီးခံရသောကြောင့် ဒေသခံများ သွားလာရေးအတွက် ခက်ခဲနေ
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊နိုဝင်ဘာ၊၂၀၂၅။
ကချင်ပြည်နယ်၊ ဟိုပင်ဒေသမှ လမ်းနှင့် တံတားများကို စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက လမ်းဖြတ်တောက် ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများ လမ်းသွားလမ်းလာ သွားလာရေးအတွက်ပင် ခက်ခဲနေကြောင်း သိရသည်။
နိုဝင်ဘာ၂၆ရက်နေ့တွင် ဟိုပင်ကျေးရွာမှ ဒိန်လုံပါကျေးရွာအသွားမှ လမ်းနှင့်တံတားကို စစ်ကောင်စီနှင့် ပြည်သူ့စစ်(SNA)ပူးပေါင်းတပ်ဖွဲ့များက မြေကြီးတူးကာ လမ်းဖြတ်တောက်ဖျက်ဆီးခဲ့သောကြောင့် ဒေသခံများ သွားလာရေး ခက်ခဲသွားသည်ဟု ဆိုသည်။
အဆိုပါဒေသမှ ဒေသခံပြည်သူများမှာ ယခုဖျက်ဆီးပေးလိုက်သည့် လမ်းမကြီးကိုသာ သွားလာရေးအတွက် အဓိကအသုံးပြုနေကြကြောင်း သိရသည်။
ထို့အပြင် နမ်ယာန်ကျေးရွာတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ဆိုင်ခန်းအတွင်းမှ ပစ္စည်းများကို လုယက်ခိုးယူ သယ်ဆောင်မှုများ ရှိခဲ့ပြီး၊ ဆိုင်ခန်းများကိုလည်း မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ဟိုပင်ဒေသတွင် စစ်ကောင်စီနှင့် ပြည်သူစစ်တပ်ဖွဲ့များက လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးမေးမြန်းခြင်း၊ နေအိမ်အတွင်း ပစ္စည်းခိုးယူသယ်ဆောင်သွားခြင်းးအပြင် စစ်ရေးလှုပ်ရှားမှုများလည်း ပိုမှန်လုပ်ဆောင်နေခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
သတင်း - ထုဆိုင်း
Photo credit to EEDY









Comments