top of page

ဟိုပင်နှင့် မိုးကောင်းမြို့ထဲက KIAတပ်စခန်းနှစ်ခု လက်လွတ်ခဲ့ရ

  • Writer: Pajau Media
    Pajau Media
  • Dec 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၅။


စစ်ကောင်စီပူးပေါင်းတပ်၏ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးကောင်းမြို့ထဲက KIA ပူးပေါင်းတပ်၏ တပ်စခန်းနှစ်ခုကို ယခုရက်ပိုင်းအတွင်း လက်လွတ်ခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


KIA ပူးပေါင်တပ်တို့ လက်လွှတ်လိုက်ရသည့် တပ်စခန်းနှစ်ခုမှာ ဟိုပင်မြို့အရှေ့ဘက်ခြမ်းရှိ တပ်စခန်းတစ်ခုနှင့် မိုးကောင်းမြို့ဟောင်းအနီး ပါခုတ်တောင်ကုန်းပေါ်က တပ်စခန်းတို့ဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီတပ်နှင့် SNA တပ်များက KIAပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် နယ်မြေများတွင် စစ်ရေးလှုပ်ရှားလာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်နေကြောင်း သိရသည်။


စစ်ကောင်စီပူးပေါင်းတပ်များက မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့နယ် သံလမ်းတစ်လျှောက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားသည့် နယ်မြေများကို အဓီကထားကာ စစ်ကြောင်းထိုးနေကြောင်း သိရသည်။


ထို့အပြင် စစ်တပ်နှင့် SNA တပ်များသည် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို တပ်သားသစ် စုဆောင်ရေးများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page