top of page

ဟိုပင်မြို့တွင် နေအိမ်(၅)လုံး ဆက်တိုက်မီးလောင်ပျက်စီးခဲ့

  • Writer: Pajau Media
    Pajau Media
  • Oct 2, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ယမန်နေ့ အောက်တိုဘာ၁ရက် ညနေ ၄နာရီချိန်ခန့်က နေအိမ်ငါးလုံးဆက်တိုက် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ရှိ ဇမ္ဗူရာဇ်ကုန်မာဆိုင်၏ ဂိုဒေါင်အတွင်းရှိ ဓါတ်ဆီမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ တစ်နာရီကျော်အကြာ ညနေ ၅နာရီခွဲချိန်တွင် ပြန်လည်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ဒေသခံများက မီးတောက်အလွန်ပြင်းထန်သောကြောင့် မီးသတ်ကားနှစ်စီးဖြင့် ငြိမ်းသတ်ခဲ့ရာ အရာမရောက် မီးမငြိမ်းနိုင်သဖြင့် အခြားနီးစပ်ရာမြို့များမှ မီးသတ်ကားများ ရောက်လာမှသာ ငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် ဂိုဒေါင်အပါအ၀င် နေအိမ်(၅)လုံး ဆက်တိုက်မီးလောင် ပျက်စီးသွားခဲ့ရပြီး၊ တန်ဖိုးကြီးပစ္စည်းများ ဆုံးရှုံးခဲ့ရသော်လည်း လူထိခိုက်မှုမှာ မရှိဘူးဟု ဆိုသည်။


ဟိုပင်မြို့တွင် ပြီးခဲ့သည့် ခုနှစ်တွင်လည်း နေအိမ်နှစ်လုံး မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page