top of page

ဟိုပင်မြို့တွင်း လုံခြုံရေးယူ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 13
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊နိုဝင်ဘာ၊၂၀၂၅။


ree

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်နှင့် ဒေသလုံခြုံရေးယူ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို မြို့အဝင်ဂိတ်တွင် တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


နံနက်ပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၃)ဦး အသက်သေဆုံးခဲ့သလို KPDFတပ်ဖွဲ့ဘက်မှလည်း တစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။


ထိုနောက် စစ်ကောင်စီက ညနေပိုင်းတွင် ဟိုပင် ခလရ(၄၀)တပ်စခန်းမှ မြို့၏အရှေ့ဘက်ခြမ်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


ထို့အပြင် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက မြို့၏ အရှေ့ဘက်ရှိ နမ်ရင်ကျေးရွာတွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီးနောက် ဂတ်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေကြောင်း သိရသည်။


ဒေသခံများက စစ်ကောင်စီတပ်ဖွဲ့များမှာ တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်သည့်နေရာများကို ခန့်မှန်းရမ်းသမ်းပြီး ဒရုန်းဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page