top of page

ဟိုပင်မြို့မှ လောင်းကစားဝိုင်းတွင် လူ(၇၀)ကျော်ဖမ်းဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • Sep 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ လောင်းကစားဝိုင်းတစ်ခုမှ အမျိုးသား(၇၀)ကျော်ကို KIAက စုဆောင်းဖမ်းဆီးသွားခဲ့ပြီး၊ ၉တန်းကျောင်းသားတစ်ဦးလည်း ပါဝင်ကာ ယခုထိ မလွှတ်ပေးသေးကြောင်း ဟိုပင်မြို့ခံများက ပြောသည်။


"ဟိုပင် မြဇေယျာရပ်ကွက်ရဲ့ သရက်ချောင်း ဟိုဖက်ကမ်း ခြံဝင်းကြီးထဲမှာ ကြက်ဝိုင်းရှိတယ်။ အဲ့ကြက်ဝိုင်းက အမြဲတမ်းရှိပြီး လူအရမ်းများတယ်၊ ညထိကိုဆူညံ‌နေကြတာ၊ နေ့နေ့ ညည ဆူညံနေလို့ အတိုင်ခံရတယ်လို့ကြားတာဘဲ။ ပါသွားတာ အမျိုးသားတွေချည်းဘဲ အယောက်(၇၀)ကျော်တယ်။ ၉တန်းကျောင်းသား တစ်ယောက်ပါတယ်။”ဟု ဟိုပင်မြို့ခံတစ်ဦးက ပြောသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရသူများမှာ ဟိုပင်မြို့၊ ပင်းဘော၊ နန်းခွင်နှင့် မြို့သစ်ကလေးကျေးရွာမှ ဖြစ်ကြကာ၊ KIAက မိုးညှင်းမြို့အရှေ့တောင်ဖက်ကို ဖမ်းဆီးသွားသည်ဟု ဆိုသည်။ ထို့အပြင် ၉တန်းကျောင်းသားနှင့်အတူ အသက် ၅၀ အထက်ရှိသူများကိုတော့ ပြန်လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အထက်ပါက ဆက်ပြောပြသည်။


မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီ၊ ရှမ်းနီပြည်သူ့စစ်၊ KIAနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များက သွားလာနေကြပြီး၊ ည၈နာရီနောက်ပိုင်း အပြင်ထွက်ရင် စစ်သားစုဆောင်းရေးဆွဲခြင်းမျိုး ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page