အောက်တိုဘာလအတွင်း အမျိုးသမီး(၇၀) ဦး သေဆုံး
- Pajau Media

- Nov 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ နို၀င်ဘာ၊ ၂၀၂၅။

နိုင်ငံတစ်၀န်း အောက်တိုဘာလအတွင်း အမျိုးသမီး(၇၀) ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU)က ထုတ်ပြန်ထားသည်။
စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်းကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်နေ့ ည ၈နာရီ ဝန်းကျင်အချိန် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်၊ ချောင်းဦးမြို့နယ် မြောက်ခြမ်း တစ်နေရာတွင် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီးထွန်း သပိတ် ပြုလုပ်နေသူများအား စစ်အုပ်စုမှ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး သုံးကာ ပါရာမော်တာဖြင့် ဗုံးကြဲခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၂၂) ဦး ရှိ၍ ထိခိုက် ဒဏ်ရာရရှိသူ (၅၅) ဦးထိ ရှိခဲ့သည်။
အလားတူ စက်တင်ဘာတွင်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီး(၄၇) ဦး သေဆုံးခဲ့ရသည်။
သတင်း - ထုဆိုင်း
Photo credit to Owner




Comments