အောင်လအင်ဆန်နှင့် ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲ လာမည့်အောက်တိုဘာတွင် ယှဥ်ပြိုင်မည်
- Pajau Media

- Sep 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

မြန်မာ့စပါးအုံးဟု နာမည်ကျော်လာသည့် အောင်လအင်ဆန်နှင့် ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့ လာမည့်အောက်တိုဘာ ၃ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါ One Fight Night 36 ပြိုင်ပွဲကို ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ကာဒက်စတန်တို့က မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။
အသက်(၃၉)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၄ပွဲ ထိုးသတ်ကစားခဲ့ရာ ၃၀ပွဲအနိုင်ရကာ ၁၄ပွဲ ရှုံးနိမ့်ထားသည်။
အောင်လနှင့် ထိုးသတ်မည့် ပြိုင်ဘက် ကာဒက်စတန်သည်လည်း အသက် ၃၄ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး MMA ပြိုင်ပွဲ ၂၂ ပွဲတွင် ၁၅ ပွဲနိုင်ကာ ၇ ပွဲရှုံးနိမ့်ထားသူဖြစ်သည်။
အောင်လအန်ဆန်နှင့် One Championship တို့ ချုပ်ဆိုထားသည့် စာချုပ်အရ ယင်းပွဲစဥ်သည် အောင်လ၏ ပရော်ဖက်ရှင်နယ် ဖိုက်တာဘဝ နောက်ဆုံးပွဲစဥ် ဖြစ်လာဖွယ်ရှိသည်။
အောင်လအန်ဆန်သည်လည်း One Fight Night 36 ထိုးသတ်သွားမည့်ပြိုင်ပွဲသည် သူ၏နောက်ဆုံးပွဲစဥ်ဖြစ်နိုင်ကြောင်း သူ၏ Facebook လူမှုကွန်ရက်မှာ ပြောထားသည်။
ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ကာတာနိုင်ငံတွင် တူရကီဖိုက်တာ အာဒိုဂန်နှင့် ထိုးသတ်ကစားခဲ့ရာ အလဲထိုးဖြင့် ရှုံးနိမ့်ထားသည်။
သတင်း - ဖရိန်း




Comments