top of page

အောင်လအင်ဆန်ပွဲစဥ်ကို အောက်တိုဘာ ၄ရက် မနက်ပိုင်းချိန်တွင် ယှဥ်ပြိုင်မည်

  • Writer: Pajau Media
    Pajau Media
  • Oct 2, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


မြန်မာ့စပါးအုံးဟု နာမည်ကျော်လာသည့် အောင်လအင်ဆန်နှင့် ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့ ယှဥ်ပြိုင်ထိုးသတ်သွားမည့် One Fight Night 36 ပွဲစဥ်သည် မြန်မာစံတော်ချိန်အားဖြင့် အောက်တိုဘာ ၄ရက်နေ့ မနက်ပိုင်းအချိန်တွင်ဖြစ်ပြီး အောက်တိုဘာ ၃ရက်နေ့သည် အမေရိကန်စံတော်ချိန်သာဖြစ်ကြောင်း အောင်လအင်ဆန်မှ သူ၏လူမှုကွန်ရက်မှာ ပြောထားသည်။


အဆိုပါ One Fight Night 36 ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ကာဒက်စတန်တို့က မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။


ထိုပွဲစဥ်အတွက် အောင်လအင်ဆန်သည် စက်တင်ဘာ လကုန်ကတည်းက ဘန်ကောက်မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။


အသက်(၃၉)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၄ပွဲ ထိုးသတ်ကစားခဲ့ရာ ၃၀ပွဲအနိုင်ရကာ ၁၄ပွဲ ရှုံးနိမ့်ထားပြီး ပြိုင်ဘက် ကာဒက်စတန်သည်လည်း အသက် ၃၄ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး MMA ပြိုင်ပွဲ ၂၂ ပွဲတွင် ၁၅ ပွဲနိုင်ကာ ၇ ပွဲရှုံးနိမ့်ထားသူဖြစ်သည်။


ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ကာတာနိုင်ငံတွင် တူရကီဖိုက်တာ အာဒိုဂန်နှင့် ထိုးသတ်ကစားခဲ့ရာ အလဲထိုးဖြင့် ရှုံးနိမ့်ထားသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page