top of page

အောင်လအင်ဆန်ရဲ့ နောက်ဆုံးပွဲကို နိုင်ပွဲဖြင့် အဆုံးသတ်

  • Writer: Pajau Media
    Pajau Media
  • Oct 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



မြန်မာ့စပါးအုံး အောင်လအင်ဆန်ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲကို ဆွီဒင်ဖိုက်တာ ကာဒက်စတန်နဲ့ ထိုးသတ်ခဲ့ပြီး အနိုင်နဲ့ ကစားသမားဘဝကို နှုတ်ဆက်လိုက်ပါတယ်။


ဒုတိယအချီ ၂ မိနစ် ၂၀ မှာပဲ တရစပ်လက်သီးတွဲလုံးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သူ့ရဲ့နောက်ဆုံးပွဲကို အကောင်းဆုံးပြင်ဆင်နိုင်ခဲ့သလို နိုင်ပွဲနဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။


သူရဲ့ချုပ်ကွက်တွေနဲ့ မြန်မာ့စပါအုံးလို့ တင်စားခေါ်ခံခဲ့ရတဲ့ အောင်လအင်ဆန်က One Championship ကစားသမားဘဝမှာ ပွဲ ၂၀ ကစားပြီး ၁၅ ပွဲအထိအနိုင်ရခဲ့ပါတယ်။


ကချင်တိုင်းရင်းသား ဖိုက်တာကြီး အောင်လအင်ဆန်ဟာ MMA သိုင်းပေါင်းစုံ အားကစားကို မြန်မာပြည်မှာ လူကြိုက်များအောင် မိတ်ဆက်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။


 Middleweight နဲ့ Light Heavyweight တွေရဲ့ Champion ဟောင်းဖြစ်ခဲ့တဲ့ အောင်လအင်ဆန်ကတော့ သူရဲ့နောက်ဆုံးပွဲကို အနိုင်ပွဲနဲ့အတူ နှုတ်ဆက်ခဲ့ပြီး၊ နောက်ထပ် အောင်လလို မြန်မာပြည်သားတွေအတွက် သယ်သူများအောင်မြင်မှုတွေ ယူဆောင်နိုင်မလဲ စောင့်မျှော်ရင်း အောင်လကို နှုတ်ဆက်လိုက်ပါတယ်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page