အာဏာသိမ်းကာလ ၅ နှစ်အတွင်း ကလေး ၆၀၀ ကျော် သေဆုံး
- Pajau Media

- Jan 6
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ဇန္န၀ါရီ၊၂၀၂၆။
စစ်ကောင်စီအာဏာသိမ်းကာလ ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၆၃၇) ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချက်အလက်အရ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း သေဆုံးခဲ့သည့် လူအရေအတွက်မှာ (၄,၆၈၃)ဦးဖြစ်ပြီး ဒဏ်ရာရသူက (၈,၃၃၀)ဦး ရှိသည်။
လေကြောင်းတိုက်ခိုက်မှုတွင် လေယာဉ်နှင့်တိုက်ခိုက်မှုမှာ အကြိမ်ရေ ၇,၀၀၀ နီးပါးနှင့် အများဆုံးဖြစ်ပြီး Drone, Paramotor စသည်တို့ဖြင့်လည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
စုစုပေါင်း လေကြောင်းတိုက်ခိုက်မှုမှာ (၉,၀၀၀) ကျော်ရှိပြီး စစ်ကိုင်းတိုင်းက အကြိမ်ရေ အများဆုံး ဗုံးကြဲခံရကာ၊ မန္တလေးတိုင်းမှာ ဒုတိယအများဆုံးနှင့် မကွေးတိုင်းမှာ တတိယအများဆုံး တိုက်ခိုက်ခံခဲ့ရသည်။
ကချင်ပြည်နယ်မှာ အကြိမ်ပေါင်း (၆၃၈) ကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ၅ နှစ်အတွင်း (၄၇၁)ဦး သေဆုံးခဲ့ပြီး၊ ယင်းထဲတွင်အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၂ ဦးနှင့်ဒဏ်ရာရသူ စုစုပေါင်း (၆၀၁)ဦး ရှိခဲ့သည်။
သတင်း - ထုဆိုင်း










Comments